ရွှေသောင်ယဲ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ရွှေသောင်ယံကမ်းခြေတွင် သင်္ကြန်တွင်း လာရောက်လည်ပတ်သူများ ခါတိုင်းနှစ်များထက် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ယခုနှစ်တွင် ရွှေသောင်ယံကမ်းခြေသို့ ဧည့်သည်များ သင်္ကြန်ရက်မတိုင်ခင်တည်းက တဖွဲဖွဲလာရောက်လျက်ရှိပြီး ရွှေသောင်ယံကမ်းခြေရှိဟိုတယ်များ၊ လုံးချင်းတည်းခိုဆောင်များ အလုပ်ဖြစ်လျက်ရှိသည်။ ထို့ပြင်ကမ်းခြေတွင် ဘော့ကွင်းငှါးသူများ၊ ကဏန်း၊ ပုဇွန်၊ ငါးခြောက်ရောင်းချသူများ အလုပ်ဖြစ်လျက်ရှိပြီး၊ အုန်းသီးရေသောက်ရောင်းချသူများလည်း အဆင်ပြေလျက်ရှိသည်။
ယခုသင်္ကြန်အကျနေ့၌ လာရောက်လည်ပတ်သော ဧည့်သည်တို့မှဒေသခံတို့ပြုလုပ်သည့် ဘာသာရေးပွဲတော်များတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း၊ ပင်လယ်ပြင်တွင် အပန်းဖြေရေကူးဆော့ ကစားသူများဖြင့်စည်ကားခြင်း စသည်ဖြင့် ရွှေသောင်ယံကမ်းခြေတွင် ခါတိုင်းနှစ်များထက် ဧည့်သည်ပိုမိုလာရောက်သည့်အတွက် ဒေသခံများအတွက် သင်္ကြန်တွင်းဝင်ငွေ တိုးပွားပြီး အပန်းဖြေဧည့်သည်များအတွက်လည်း အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)