လပွတ္တာမြို့နယ်တွင် မဟာသင်္ကြန်အကျနေ့ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ

လပွတ္တာ ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ကျနေ့၌ အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလမ်းရှိဗဟိုမဏ္ဍပ်နှင့် မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

ရေကစားရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ စတုဒိသာများကျွေးမွေးဧည့်ခံကြရာ ရေပက်ခံအဖွဲ့များက မော်တော်ဆိုင်ကယ်၊ အငှားယာဉ်၊ ကိုယ်ပိုင်ကားတို့ဖြင့် ရေကစားမဏ္ဍပ်အတွင်းရှိ စတုဒိသာများဝင်ရောက်စားသောက်ကြပြီး မြို့နယ်ဗဟိုမဏ္ဍပ်တွင် ယိမ်းအကများအားကြည့်ရှုကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာမြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)