နတ်မောက်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်ရေကစားမဏ္ဍပ်ဖွင့်ပွဲကျင်းပ

နတ်မောက်    ဧပြီ ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ့(၄)နာရီအချိန်က မြို့မရဲစခန်းရှေ့တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က မြူမှောင်ဝေကင်းတေးသီချင်းဖြင့်ဖျော်ဖြေ၍ မဏ္ဍပ်အားဖွင့်လှစ်ပြီး ယိမ်းအဖွဲ့များအား သပြေခက်နှင့်အတာရေများ လိုက်လံပက်ဖျန်းပေးခဲ့သည်။ နတ်မောက်မြို့နယ် မြို့မရဲစခန်းရှိ ယိမ်းအဖွဲ့များမှ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး မဟာသင်္ကြန်အတက်နေ့အထိ ရိုးရာမပျက်စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း