ဒေးဒရဲ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီက ဗိုလ်ချုပ်လမ်းမနှင့် ပြည်တော်သာလမ်းမပေါ်ရှိ အဆိုပါမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ပြည်သူများအားလုံး ဘေးရန်ကင်းငြိမ်း၍ အေးချမ်းပျော်ရွှင်ပါစေကြောင်း၊ ကောင်းမြတ်သော လိုအင်ဆန္ဒများ ပြည့်စုံကြစေကြောင်း၊ မိုးလေဝသဖြောင့်မတ်မှန်ကန်၍ ဆန်ရေစပါးများ ပေါကြွယ်ဝ၍ အထွက်တိုးစေကြောင်း နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမွန်မြတ်သူစိုး၊ အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦး၊ အဖွဲ့ဝင်ဦးအောင်မြင့်ဦးနှင့် မြို့မိမြို့ဖ ဦးမြင့်ဦးတို့က ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများ၊ ယိမ်းအဖွဲ့များကို အောင်သပြေခက်နှင့်အတာရေများ ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အား ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဥ်များ၊ ရေကစားမဏ္ဍပ်များနှင့် စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း