ဟင်္သာတ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ၌ ၁၃၈၄ ခုနှစ် ဟင်္သာတခရိုင် မြန်မာ့ရိုးရာ ယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကိုယမန်နေ့ညနေ ၄ နာရီခွဲက ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ အာဇာနည်ပန်းခြံလမ်းရှိ ဟင်္သာတခရိုင် ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ နစ်သစ်ကိုကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြာပြီးနောက် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အားခရိုင်ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုမှူးကြီး နေလင်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ကျော်မြသန်း၊ မြို့မိမြို့ဖ ဦးမြင့်သိန်းဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ လမ်းလျောက်သင်္ကြန်အား ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ယိမ်းအကအလှပျိုဖြူလေးများက မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခြင်းနှင့် ယိမ်းအဖွဲ့များ၊ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲသို့ လာရောက်သည့် ဧည့်ပရိတ် သတ်မျာက ပျော်ရွှင်စွာ ရေကစားခြင်း၊ တေးသီးချင်းများ၊ အကများဖြင့်လည်း ဖျော်ဖြေခဲ့ကြသည်။
အဆိုပါမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲသို့ ခရိုင်ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဇနီးဒေါ်ခတ္တာထွန်း ၊အဖွဲ့ဝင်များနှင့် ၄င်းတို့၏ ဇနီးများ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ ဥက္ကဋ္ဌများနှင့် ဇနီးများ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ယိမ်းအဖွဲ့များ၊ ဧည့်ပရိတ်သတ်များ၊ စုစုပေါင်း(၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)