ပေါက်ခေါင်း ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် (၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ သင်္ကြန်အကြိုနေ့ ညနေ ၄ နာရီက ပြည်-တောင်ငူလမ်းမြို့နယ်စည်ပင်သာယာရုံးဟောင်းရှေ့ရှိ မဏ္ဍပ်၌ ကျင်းပသည်။
ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ်မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က နှစ်သစ်နှုတ်ခွန်းဆက်အမှာ စကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးရဲမှူးကိုကိုနိုင်၊ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးမှူးဦးမြင့်စိုး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးမင်းအောင်နှင့်မြို့နယ်လယ် ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးမှူးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာ့ရိုးရာအစဉ်အလာနှင့် အညီသပြေခက်ဖြင့်ရေပက်ဖြန်းပေးကြပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့များက " မြူမှောင်ဝေကင်း "သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ပေါက်ခေါင်းမြို့နယ်၏ (၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ကို သင်္ကြန် အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ ဖျော်ဖြေရေးယိမ်းအကများ၊ သီဆိုဖျော်ဖြေမှု စတုဒိသာကျွေး မွေးလှူဒါန်းမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)