မိုးညိုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကျင်းပ

မိုးညို ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကို ဧပြီ ၁၃ ရက်နေ့ ညနေ ၃ နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။

ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲထွဋ်အောင်၊ အတွင်းရေးမှူး ရဲမှူးစိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဧည့်သည်တော်များက မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်ဖြင့် မာလာရေစင်ပက်ဖျန်းပေးကာ အတာသင်္ကြန်အားကြိုဆို၍ မြူမှောင်ဝေကင်းသီချင်းဖြင့်ယိမ်းအဖွဲများက စုပေါင်းသီဆိုကပြခဲ့ကြပြီး ယိမ်းအဖွဲ့(၈)ဖွဲ့က အလှည့်ကျဆက်လက်ကပြဖျော်ဖြေပေးခဲ့ကြသည်။

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ‌တော်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ယိမ်းအဖွဲ့(၈)ဖွဲ့က နေ့စဥ်ယိမ်းအကများဖြင့်‌ဖျော်ဖြေခြင်း၊ တေးသီချင်းများသီဆို‌ဖျော်ဖြေခြင်း၊ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)