ပန်းတောင်း ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၌ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄း၃၀)အချိန်က ရတနာပုံရပ်ကွက် ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ရှေ့ဦးစွာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်အား ပန်းတောင်းတပ်နယ်မှူးဗို လ်မှူးချုပ်မျိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ညီ အဖွဲ့ဝင်(၂)ဦးအေးကြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက နှစ်သစ်ကူး အမှာစကား ပြောကြားသည်။
ထို့နောက် မဟာသင်္ကြန် ယိမ်းအကအဖွဲ့များ မှမန်းတောင်ရိပ်ခို သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် မဟာသင်္ကြန်ပွဲတော်ပွဲတော် ကျင်းပရေးကော်မတီဝင်များက ကြွရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့ဝင်များအား သင်္ကြန်ရေစင်များပက်ဖျန်းကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပန်းတောင်းတောင်ကုတ်လမ်း၊ ရတနာပုံရပ်ကွက်ရှိ မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)