ကော့သောင်းမြို့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုဆုပေးမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကော့သောင်း ဧပြီ ၁၃ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲ တော်ဗဟိုဆုပေးမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၁၃ ရက်၊ ညနေ ၃ နာရီခွဲက ကော့သောင်းမြို့ သီရိမြိုင် ရပ်ကွက်၊ ပြည်သူ့ရင်ပြင် ဗဟိုဆုပေးမဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နှစ်သစ်ကူးသင်္ကြန်အား စတင်ဖွင့်လှစ်ကြောင်းကြေငြာပြီး နှစ်သစ်မင်္ဂလာမိန့်ခွန်း ပြောကြားသည်။

ယင်းနောက် စစ်ဗျူဟာ(အခြေချ)ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်သက်ဦး၊ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီးကိုကိုလတ်၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အဖွဲ့ဝင်-၃ ခရိုင်လဝကမှူးဦးကိုကိုနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဦးအောင်မျိုးသန့်နှင့် ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုတို့က ဗဟိုဆုပေးမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထိုနောက် မြူမှောင်ဝေကင်းတေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့်ဧည့်သည် တော်များကသင်္ကြန်ယိမ်းပျိုဖြူများအား သပြေခက်ဖြင့် အတာရေပက်ဖြန်းကြပြီး မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြိုင်ပွဲဝင်ယိမ်းအကအဖွဲ့ဝင်များက ပြိုင်တူသံပြိုင်သီဆိုကပြ ဖျော်ဖြေကြပြီး ဖွင့်ပွဲအခမ်းအနားကိုညနေ ၆ နာရီတွင်ရုတ်သိမ်းလိုက်သည်။

အဆိုပါ ဗဟိုဆုပေးမဏ္ဍပ်တွင် ဧပြီလ (၁၃) ရက်နေ့မှစတင်၍ဧပြီလ(၁၆) ရက်နေ့အထိ ညစဉ်ကော့သောင်းမြို့ပေါ်ရပ် ကွက် (၁၀)ရပ်ကွက်နှင့် ကျေးရွာများမှ ယိမ်းအကအဖွဲ့ လှပျိုဖြူလေးများက မြန်မာ့ရိုးရာယဉ်ကျေးမှူ ယိမ်းအကများ ဖြင့်ယှဉ်ပြိုင်ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)