ကျောင်းကုန်း ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြော ကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်း နောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ အဖွဲ့ဝင်(၃) လ.ဝ.က ဦးစီးမှူး ဦးမင်းသူအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲ တပ်ဖွဲ့မှူးရဲမှူး အောင်နိုင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖွင့်ပွဲအပြီးတွင် ယိမ်းအဖွဲ့များက "မန်းတောင်ရိပ်ခို"သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး၊ မြို့ နယ်စီမံအုပ် ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ မြို့ပေါ်(၅)ရပ်ကွက်မှ (၅)ယိမ်း၊ ပညာ ရေးဌာနမှ(၃)ယိမ်းနှင့် သစ်ဆိမ့်ကုန်းမှ(၁)ယိမ်း၊ စုစုပေါင်း(၉)ယိမ်း၊ တစ်ကိုယ်တော်အက အဖွဲ့များ၊ မြန်မာသံစဥ်အဆိုတော်များနှင့် စတူဒီယိုအဆိုတော်များဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ည နေ ၆ နာရီအထိလည်းကောင်း ကပြသီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များ၊ ယိမ်းအဖွဲ့များ၊ဒေသ ခံပြည်သူများတက် ရောက်ခဲ့ကြပြီး၊ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)