ဖျာပုံ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ပြည်သူများမြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ အနှစ်သာရနှင့်ထုံးတမ်းစဥ်လာကို လေးစားတန်ဖိုးထားတတ်စေရန်အတွက် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့ညနေ(၄)နာရီအချိန်က ဖျာပုံမြို့သီရိအဏ္ဏဝါခန်းမရှေ့ပြည်သူ့ပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးအေးကြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးငွေမင်းထိုက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်လင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး တေးသံရှင်များမှမြန်မာ့ရိုးရာသင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကာပြည်သူများက ပျော်ရွှင်စွာရေကစားကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)