မအူပင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ

မအူပင် ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊မအူပင်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်၏ မြန်မာ့ရိုးရာနှစ်ကူး အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက မအူပင်မြို့ တိုးရွှေဝါခန်းမရှေ့ မအူပင်ခရိုင် မြန်မာ့ရိုးရာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဖွင့်လှစ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးက နှစ်သစ်ကူးအခါသမယတွင် ပြည်သူများအေးချမ်းကြပါစေကြောင်း အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ တက်ရောက်လာသော ဧည့်သည်တော်များ သင်္ကြန်ယိမ်းအဖွဲ့များ ပြည်သူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)