ထီးချိုင့် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ နည်း ပပျောက်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင် ရန်အတွက် စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကို ယနေ့ နံနက် (၁၁:၃၀) နာရီအချိန်က ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထီးချိုင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အတွင်းရှိ စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် အစားအသောက် ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင်စားသောက်ရောင်းချခြင်းအား စက်တင်ဘာ(၁၇) ရက်နေ့မှစ၍ ယာယီပိတ်သိမ်းထားရှိပြီး ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ကြောင်း အဆိုပါကြေညာချက်များအား လိုက်နာဆောင်ရွက်မှုရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌဦးအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် သာယာရေးအမှုဆောင်အရာရှိ ဦးခိုင်လွင်သန့်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများမှ လိုက်လံစစ်ဆေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တိကျစွာလိုက်နာ ဆောင်ရွက်ခြင်း မရှိသည့် အစားအသောက်ရောင်း ချသည့်ဆိုင်များအား အရေးယူဆောင်ရွက် သွား မည်ဖြစ် ကြောင်း အသိပေး ပြောကြားခဲ့သည်။
ရဲလင်းထွန်း ( ထီးချိုင့် )