ဇီးကုန်း ဧပြီ ၁၄
၁၃၈၄ ခုနှစ် မြန်မာရိုးရာအတာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စည်ပင်သာယာလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ယနေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်အောင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်အသီးသီးမှ လှပျိုဖြူလေးများက မြူမှုံဝေကင်းသီချင်းဖြင့် သီဆိုကပြကာ တပျော်တပါး ရေပက်ကစားကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ကပြဖျော်ဖြေသောယိမ်းအဖွဲ့များအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အများပြည်သူများလာရောက်၍ ပျော်ရွှင်စွာရေပက်ကစားကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)