မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်‌ရောက် ဖွင့်လှစ်

မကွေး    ဧပြီ    ၁၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက် ယနေ့ နံနက် ၈ နာရီက မကွေးမြို့ ကမ်းနားလမ်း We Love Magway ညဈေးတန်းအနီး၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကပြဖျော်ဖြေမည့် ယိမ်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က နှစ်သစ်ဆု‌တောင်းစကားပြောကြားရာတွင် မြန်မာတို့၏ (၁၂)လရာသီ ပွဲတော်မှာ ပထမဦးဆုံး နှစ်ကူးလ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ကာလမှာ သင်္ကြန်ရေးအေးနဲ့ နှစ်ဟောင်းမှ မကောင်းသော အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး စိတ်သစ်လူသစ်ဖြင့် တိုးတက်မှု အပေါင်း ဆောင်ယူနိုင် ကြပါစေကြောင်း၊ နှစ်(၁)နှစ်၏ ကောင်းမှု၊ မကောင်းမှုများသည်သူများ ပြောမှမဟုတ်ဘဲ မိမိကိုယ်တိုင်လည်း သိရှိခံစားပြီးဖြစ်ကြသဖြင့် နှစ်ဟောင်းမှ ကောင်းမှုများကို ပိုမိုကျင့်ကြံပြီး ကောင်းသထက် ကောင်းအောင် ‌‌ဆောင်ရွက်နိုင်ကြပါစေလိုကြောင်း၊ နှစ်ဟောင်း မှ ရှောင်ကြဉ်အပ်သော မကောင်းမှု များကိုလည်း ဖယ်ရှားနိုင်ကြပါ စေလိုသည့်အပြင်  ပူပြင်းသည့် ရာသီအချိန်အခါတွင် ရေအေးနှင့် ပက်ဖျန်းကစားရသည့်မှာလည်း အလွန်ပျော်စရာကောင်းပြီး ရာသီဉတုဖြင့်ကိုက်ညီသည့်အပြင် တစ်ခြားသူများကိုလည်း မထိခိုက်ဘဲ မိမိပျော်ရွှင်ရေးကို ဆောင်ရွက်သင့်ပါကြောင်းနှင့် အထူးသဖြင့် လူငယ်များအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန် အနှစ်သာရအား မပျောက်ပျက်စေဘဲခေတ်နှင့် လျော်ညီစွာ အမှားအယွင်းမရှိ ပျော်ရွှင်စွာ ‌ရေကစားနိုင်ကြပါစေကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးမြို့ ဗဟိုမဏ္ဍပ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေ တပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင် ယိမ်းအကအဖွဲ့များမှ “ရွှေမန်းမာလာ”တေးသီချင်း၊ ညိုမြတေးသီချင်းနှင့် တူပို့တူပို့တေးသီးချင်းတို့ဖြင့် စုပေါင်းကပြဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီချုပ်နှင့် တာဝန်ရှိသူများက ကပြဖျော်ဖြေသည့် ယိမ်းအဖွဲ့ဝင်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ကြီးဌာနမဏ္ဍပ်များသို့ ရောက်ရှိကာ ယိမ်းအကအဖွဲ့များနှင့်အဆိုဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးခဲ့ပြီးဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကိုမကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၅)ခု စုစုပေါင်းမဏ္ဍပ်(၆)ခုတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေး မဏ္ဍပ်များ၌ ယိမ်းအက အလှအဖွဲ့(၂၅)ဖွဲ့က ယှဉ်ပြိုင်ကပြဖျော်ဖြေမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့  လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေး ယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒီသာ မုန့်များဖြင့် ဧည့်ခံ ကျွေးမွေးကာ မကွေးတိုင်းဒေသကြီး ၂၀၂၃-ခုနှစ် မြန်မာ့ ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွားများကို ကန်တော့ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း အစီအစဉ်များကို ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ