လှိုင်းဘွဲ ဧပြီ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊ လှိုင်းဘွဲ-ဘားအံကားဂိတ်၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက မဟာသင်္ကြန်ပွဲတော်ဟာပူပြင်းခြောက်သွေ့သော ရာသီကို ကုန်ဆုံးပြီး မြန်မာနှစ်သစ်အား ဂုဏ်ပြုသောပွဲတော်တစ်ခုဖြစ်ကြောင်း၊ ပြည်သူများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး နှစ်ဟောင်းမှအညစ် အကြေးများကို နှစ်သစ်တွင် ပါမလာအောင် တစ်ဦးကိုတစ်ဦး အတာရေဖြင့် ပက်ဖျန်းဆေးကြော သန့်စင်ကာ နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြင့် မိမိတို့၏ တစ်နေ့တာ လုပ်ငန်းများကို ပျော်ရွင်စွာ ဆောင်ရွက်နိုင်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း၊ စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲ ဗိုလ်မှူးတင်ဝင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသိန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဦးသိန်းဇော်၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ငွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ယိမ်းအကဖြင့် ကပြဖျော်ဖြေခြင်းနှင့် ပြည်သူများက အတာရေဖြင့် ပျော်ရွင်စွာ ရေပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)