ကေ့ာကရိတ် ဧပြီ ၁၃
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် နှစ်စဉ်အစဉ်အလာမပျက် မြန်မ့ာရိုးရာယဉ်ကျေးမှုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း၊ ရဲစခန်းလမ်းထောင့်၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မ့ာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စစ်ဒေသမှူး၊ ဗျူဟာမှူးဗိုလ်မှူးကြီးမြင့်မောင်မောင်၊ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်၊ နည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီး ကျော်ကျော်ဦးနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထိုနောက် ယိမ်းအဖွဲ့များက " မြနန္ဒာ" သီချင်းဖြင့်ကပြဖျော်ဖြေကြရာ တာဝန်ရှိသူများက အတာရေအားပက်ဖြန်း၍ နှစ်သစ်ကိုကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ ယိမ်းအဖွဲ့များသည် သင်္ကြန် သီချင်းအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာကြသည့် တာဝန်ရှိဌာနဆိုင်ရာများမှ ဆုငွေများ ချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)