ကသာ အောက်တိုဘာ ၂
ကသာမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို သီးသန့်လူနာ ဆောင် (Isolation Unit) တွင် ထားရှိ၍ အထူးကြပ်မတ်ကုသပေးလျက် ရှိရာ အောက်တိုဘာ (၂) ရက်နေ့(ယနေ့)တွင် အတည်ပြုလူနာ (၂)ဦးအနက် (၁) ဦးမှာ ကျန်းမာလာ၍ ဆေးရုံမှ ဆင်း ပေးခဲ့ကြောင်း သိရှိရသည်။
ကသာပြည်သူ့ဆေးရုံကြီးတွင် ပိုးစတင်တွေ့ရှိခဲ့သည့် စက်တင်ဘာလ (၂၀) ယနေ့ မှ ယနေ အထိ ကိုဗစ်အတည်ပြုလူနာ (၂) ဦးကို ဆေးကုသ ပေးခဲ့ပြီး တစ်ဦးမှ သေဆုံးခြင်း မရှိပဲ ရန်ကုန် မြို့မှ တာဝန်ထမ်းရန် ရောက်ရှိလာသူ အတည်ပြုလူနာတစ်ဦးသည် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းပေးခဲ့ပြီး ကျန်အတည်ပြုလူနာတစ်ဦးသည် ကျန်းမာရေး ကောင်းမွန်လျက်ရှိ ကြောင်း သိရသည်။
“ဒီ ကိုဗစ်-၁၉ ပိုးတွေ့လူနာဟာ ပိုးစတင်တွေ့ရှိတဲ့ ရက်ကနေပြီး (၁၁) ရက် အတွင်းမှာ လူနာ ဟာ ရောဂါလက္ခဏာလည်းမပြဘူး၊ ကျန်းမာရေးလည်း ကောင်းနေတယ် ဘာမှ မဖြစ်ဘူးဆိုရင် (၁၂) ရက်ပြည့်တဲ့နေ့မှ ဆေးရုံ ဆင်းပေးတယ်၊ အခုနောက်ပိုင်းမှာ တွေ့ရှိချက်တွေအရ ဒီ ကိုဗစ်ပိုးဟာ (၁၁) ရက်နောက်ပိုင်းမှာ အသက်မဝင်တော့ဘူး၊ သူများကို လည်း မကူးစက် နိုင်တော့ဘူး ဆိုတာကို နိုင်ငံ တကာ ပညာ ရှင်တွေ တွေ့ရှိလာတဲ့ အတွက် ဆေးရုံ ဆင်းခွင့် ပေးခြင်း ဖြစ်ပါတယ်၊ ယခု ဆေးရုံးမှ ဆင်းပေးလိုက်နဲ့ လူနာသည် ကျန်းမာရေးကောင်းမွန်၍ (၁၂) ပြည့်ပြီး ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းပေးတာ ဖြစ်ပါတယ်၊ ကျန်ရှိနေတဲ့ လူနာ တစ်ယောက်လည်း ကျန်းမာလျက်ရှိပါတယ်” ဟု ကိုဗစ်လူနာများကို ကြပ်မတ်ကုသပေး လျက်ရှိ သည့် ကသာပြည်သူ့ဆေးရုံမှ ဒေါက်တာမိုးကျော် က ပြောကြားခဲ့သည်၊
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ မဟုတ်ပဲ ပြည်တွင်းကူးစက်မှု မြင့်မားနေ ခြင်းကြောင့် ကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ၏ ထုတ်ပြန်ထားရှိသော စည်းမျဉ်း စည်းကမ်းများ ညွှန်ကြား ချက်များကို တိတိကျကျ လိုက်နာခြင်း ပါးစပ်နှင့် နှာခေါင်းစဉ်း Mask များ တပ်ဆင်ခြင်း၊ လူစုလူဝေး များ မပြုလုပ်ကြရန်၊ မိမိတို့ အိမ်တွင်သာ နေထိုင်ပြီး မလိုအပ်ပဲ အပြင်သို့ သွားလာခြင်း မပြုပဲ ရှောင်ရှားခြင်း တို့ကို တစ်ဦးချင်းစီ တိုင်း လိုက်နာ ဆောင်ရွက်ပါက ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
အေးမြမွန်(ပြန်/ဆက်)