လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ပြဘုတ်၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေးသိကောင်းစရာများ ပြသ

လိပ်သို   အောက်တိုဘာ 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင်   ဒေသနေပြည်သူများ     အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံ ကပ် ဘုတ်တွင်  လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို  ယနေ့ နံနက်  ၉ နာရီအချိန်က ပြသထားကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်း အရာများ၊ စုပေါင်းကာကွယ် လူကုန်ကူးမှုအန္တရာယ်၊  လူရောင်း၀ယ်ခြင်း ကင်းရှင်း စေမည်၊ လူကုန်ကူးမှု ပပျောက်ဖို့ ပူးပေါင်းတိုက်ဖျက်ကြပါစို့၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဆိုင်ရာ နည်းဗျူဟာ (၄) ရပ် ၊ ကိုဗစ်ကို အတူတိုက်ကြစို့၊ ကာကွယ်ရန် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများ၊ ကူးစက်ပုံ ကူးစက်နည်း များ၊ ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများ သိကောင်းစရာများကို ပြသထားကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ဆောင်ရန် ရှောင်ရန် အသိပညာပေး ပိုစတာတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထား ကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)