ငပုတော အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ယခုလ ၁ ရက် နေ့မှ ၁၄ ရက်နေ့အထိ ၁၄ ရက်ကြာ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်ရုံးများ၌ ကြေညာကပ်ထား ပေးလျက်ရှိသည်။
ဆန္ဒမဲပေးမည့် ပြည်သူများအနေဖြင့် ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ(၄) ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို မဲစာရင်း ကြေငြာထားသည့် ၁၄ ရက် အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကာ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်း၌ မဲရုံပေါင်း ၂၅၂ ရုံထားရှိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)