ငပုတော အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် အခြေခံပညာဦးစီးဌာမှ ဖွဲ့စည်းထားသည့် မြို့နယ်ကိုဗစ်-၁၉ ကူညီကာကွယ် စောင့်ရှောက်ရေး ကော်မတီမှ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေနှင့်ပစ္စည်းများကို ယမန်နေ့က ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အလှူငွေများကို ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုထံသို့ ငွေကျပ်(၂၃၇၈၀၀ဝိ/)ကို လည်းကောင်း၊ ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နုနုအေးထံသို့ ငွေကျပ်(၉၁၀၀ဝိ/) တန်ဖိုးရှိ ဘက်ထရီအိုးနှင့် အက်ဆစ်တစ်ပုံးအားလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စခန်းသွင်း စေတနာ့ဝန်ထမ်းများအတွက် အလှူငွေကျပ်(၁၀၀၀၀ဝိ/)အား ဒုတိယမြို့နယ် တပ်ဖွဲ့မှူး ဦးဝင်းထွဋ် ထံသို့ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး လှူဒါန်းငွေ စုစုပေါင်းမှာငွေကျပ်(၂၅၆၉၀၀ဝိ/) ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)