မိုးညို ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၃ ခုနှစ် (မြန်မာသက္ကရာဇ်-၁၃၈၄ ခုနှစ်) မဟာသင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာများကျွေးမွေးခြင်း၊ ယိမ်းအကများ ဖျော်ဖြေခြင်းဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
မိုးညိုမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်၌ မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သည့် ကာလအတွင်း အဆိုတော်များ၊ ဝါသနာရှင်များမှ ခေတ်ပေါ်တေးဂီတတေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ သင်္ကြန်ကာလအကြိုနေ့မှ စတင်ကာ နေ့စဉ်စတုဒီသာများ ကျွေးမွေးခြင်းများဖြင့် ပျော်ရွှင်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအေးချမ်းစွာ ရေကစားနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအလိုက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)