မြင်းမူ အောက်တိုဘာ ၂
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်တောင်စုခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော၊ စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုလုပ်ငန်းမှာ ယခု အခါ (၈၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းသိရှိရသည်။
ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုလုပ်ငန်းများ သတ်မှတ်အရည်အသွေး ပြည့်မီရေးအတွက် သက်ဆိုင်ရာ အင်ဂျင်နီယာများပါဝင်သည့်၊ မြို့နယ်စစ်ဆေးရေးအဖွဲ့က အပါတ်စဉ်လာရောက်စစ်ဆေးပေးလျှက်ရှိ ကြောင်း နှင့် သတ်မှတ်ရက်အတွင်းပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ မယမင်းထံမှသိရှိရသည်။
ယခုကျောင်းဆောင်သစ်မှာ အလျှား(၁၂၀)ပေ၊ အနံ(၃၀)ပေရှိ Streel Structure အမျိုးအစားဖြစ်ကာ ပြည်တောင်စုခွင့်ပြုငွေ(၆၆ဒဿမ၆၀၀)သန်းဖြင့်မုံရွာထူးသာကုမ္ပဏီမှတာဝန်ယူတည်ဆောက်နေခြင်းဖြစ် ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)