ကေ့ာကရိတ်မြို့နယ်၌ တစ်ပိုင်တစ်နိုင် မုန်လာဥပင်စိုက်ပျိုး‌ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကေ့ာကရိတ် ဧပြီ ၁၁

ကရင်ပြည်နယ်၊‌ ကေ့ာကရိတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် မုန်လာဥစိုက်ပျိုး‌ရောင်းချခြင်းမှ မိသားစုအတွက် အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူထံမှ သိရသည်။

မုန်လာပင်ကို မိုးအကုန် တော်သလင်းလ၊သတင်းကျွတ်လမှစ၍ စိုက်ပျိုးကြပြီးမျိုးကို စိုက်ပျိုး ရေးဦးစီးဌာနမှရယူ၍ မြောင်းဘောင်များပြုလုပ်ပြီး သဘာဝမြေဩဇာထည့်သွင်းကာ စိုက်ပျိုးခဲ့ကြသည်။ စိုက်ပျိုးရာတွင် ပျိုပင်များကိုပူးပြင်း‌သောနွေရာသီတွင် တ‌စ်‌‌နေ့လျှင်ရေ(၃) ကြိမ်နှင့် ဆောင်းရာသီတွင်ရေ(၂)ကြိမ် ရေလောင်းပေးရကြောင်းထိုသို့စိုက်ပျိုးပြီးတစ်လခန့်အကြာတွင် မုန်လာဥများကို နုတ်ယူရောင်းချနိုင်ကြောင်းနှင့် ထွက်ရှိလာသည့် မုန်လာဥများကို ၅ ပင်ပါ တစ်စည်းလျှင် ငွေကျပ်၅၀၀ ဖြင့် မြိုပေါ်ဈေးတွင်ရောင်းချကြောင်း မုန်လာဥ စိုက်တောင်သူ ဦးစန်းတင့်ကပြောကြားသည်။

အဆိုပါ မုန်လာဥများ စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်သည် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိ သဖြင့် စိုက်ပျိုးသူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလျက်ရှိကြောင်း မုန်လာဥအပြင် တစ်ခြားရာသီပေါ်သီးနှံများဖြစ်သည့် ပဲထောင့်ရှည်၊ ကန်စွန်း၊ ဘူးသီးစသည့်   ဟင်းသီးဟင်း ရွက်သီးနှံများကို နေအိမ်ခြံဝင်းများအတွင်း စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)