စစ်ကိုင်း ဧပြီ ၁၀
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇာဖြူထွန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်/ လူရွယ်များ နွေရာသီကျောင်းပိတ်ရက်မှာ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရေးအတွက် စာအုပ်/ စာစောင်များကို ဖတ်ရှုသွားကြဖို့လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိအလိမ္မာ/ အတက်ပညာများရရှိလာမှာဖြစ်ပြီး အမှား/ အမှန်ဝေဖန် ပိုင်းခြားနိုင်သည့် လူငယ်/ လူရွယ်များဖြစ်လာမှာဖြစ်ကြောင်းစသည်ဖြင့်ဆွေးနွေးပေးကာ ကလေးငယ်များဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စကားပုံဆက်ပြိုင်ပွဲကို ဆက်လက်ကျင်းပပေး၍ ပြိုင်ပွဲမှ ဆုရရှိခဲ့ကြသည့် ကလေးငယ်များအား ဆုများချီးမြှင့်ကာ ပြိုင်ပွဲဝင်ကလေးများကိုလည်း တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်/ လူရွယ်များအား နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရေး သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများပြုလုပ်ပေးခြင်းနှင့် လူငယ်အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ပြု လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်