ထားဝယ် ဧပြီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွင်စွာဆင်နွဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ကျင်းပပြုလုပ်သောမြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်၌ ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက် စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွင်စွာဆင်နွဲနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲ တော်ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ စီစဉ်ဆောင်ရွက်လျက်ရှိ ကြပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်များတွင် နှစ်သစ်မင်္ဂလာသင်္ကြန်တေးသီချင်းများ၊ ရိုးရာ ယဉ်ကျေးမှုအကများ၊သင်္ကြန်ယိမ်းအကအလှယှဉ်ပြိုင်မှုများ၊ စတိတ်ရှိုးကဏ္ဍများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့်သီဆိုဧည့်ခံဖျော်ဖြေမှုများအပြင် လာရောက်ဆင်နွှဲသူများအား အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည်။
သရက်ချောင်းမြို့နယ်တွင် နှစ်သစ်ကူးအချိန်ခါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ ဘိုးဘွားသက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)