သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စိုက်ဘဏ်မှ စိုက်ပျိုးရေးချေးငွေပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

သာပေါင်း ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးယူပြီး ငွေကြေးပြေလည်ပြီးကြွေးဆပ်ရန်ကျန်ရှိ တောင် သူများမှ တစ်အုပ်စုလျှင်တောင်သူ(၅)ဦးစီ ခေါ်ယူတွေ့ဆုံကြရာ ကျေးရွာအုပ်စု(၁၅)၊ငွေကြေးပြေလည်ပြီးကြွေးဆပ်ရန်ကျန် တောင်သူ (၄၃) ဦးတို့ တတ်ရောက်ကြပြီး၂၀၂၀ ခုနှစ် မိုး၊ဆောင်း၊ကိုဗစ် စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမအရစ်၊မတ်လတွင် ဒုတိယအရစ်ပေးဆပ်မည်ဖြစ်ကြောင်း အပြေအကြေပေးဆပ်ရန် တောင်သူများက သဘောတူလက်ခံသဖြင့် ကျေးရွာအုပ်စု(၁၅)အုပ်စု၊ တောင်သူ(၄၃)ဦးမှ တောင် သူများဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ကြပြီး စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်ရန်ကျန်ရှိ တောင်သူများထဲမှ(၈)ဦးတို့က စိုက်ပျိုးစရိတ်ချေးငွေ(၄၃.၅)သိန်းအား အပြေ အကြေပေးဆပ်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း