ပေါက်ခေါင်း ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှဆရာဝန်ကြီး ဒေါက်တာ အောင်မျိုးမြတ်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ယမန်နေ့က ကံကျင်း ကျေးရွာ အုပ်စုအနီးအနားရှိ ဒေသခံပြည်သူများအား ကံကျင်းတိုက်နယ်ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု အဖြစ်အခမဲ့ကွင်းဆင်းဆေး ကုသဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းဆရာ၊ ဆရာမများက ကံကျင်းကျေးရွာအုပ်စု အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျဆောင် ရွက်ပေးခဲ့ရာ အထွေထွေကုသလူနာ(၃၈)ဦးအား စမ်းသပ်ကြည့်ရှုစစ်ဆေးပေးပြီး၊ အသေးစားခွဲ စိတ်ပေးရန်လို အပ်သောလူနာ(၆)ဦးကိုလည်း အဆိုပါတိုက်နယ်ဆေးရုံ ဆေးကုသဆောင်၌ ခွဲစိတ်ဆေး ကုသပေးဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများကိုလည်း အခမဲ့ပေးခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)