နတ်မောက်မြို့နယ် ပေါက်ကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်းပြီးစီး

နတ်မောက် ဧပြီ ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပေါက်ကန်ကျေးရွာရှိ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာနမှ (၉၀× ၃၀) အာရ်စီတစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်တည်ဆောက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၇၈ ဒဿမ ၉၇၅ သန်းဖြင့် တင်ဒါအောင်မြင်သော ATT ကုမ္ပဏီက တာဝန်ယူဆောက်လုပ်လျက်ရှိရာ ပေါက်ကန်ကျေးရွာ  အခြေခံပညာအလယ်တန်းကျောင်းခွဲ မြေနေရာရှိသော အန္တရာယ်ရှိကျောင်းဆောင်ဟောင်း (၇၂× ၂၆)ပေအားဖျက်သိမ်း၍ (၉၀×၃၀) RCC()ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအား စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလအတွင်းရာနှုန်းပြည့်ပြီးစီးရေးကို ကျေးရွာအရည်အသွေးစစ်ဆေးရေးကော်မတီ၊ ကျေးရွာကျောင်း အကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လှဝင်း