ညောင်တုန်းမြို့နယ်တွင် နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသည့် "မဟာဂန္ထဝါစကပဏ္ဍိတ" အာစရိယဂုဏဝိသိဋ္ဌပူဇာသဘင်မင်္ဂလာအခမ်းအနားကျင်းပ

ညောင်တုန်း ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွှေဟင်္သာတောရ(ပါဠိတက္ကသိုလ်)ကျောင်းတိုက်၊ တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တအာဒိစ္စာဘိဝံသ(သာသနဓဇဓမ္မာစရိယ၊ သာသနပါလဓမ္မာစရိယ၊ ဝိနယပါဠိ ပါရဂူ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) အရှင်သူမြတ်၏ နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသည့်  "မဟာဂန္ထဝါစကပဏ္ဍိတ" အာစရိယဂုဏဝိသိဋ္ဌပူဇာသဘင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက တာကွေ့ကျေးရွာ၊ ရွှေဟင်္သာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမော တဿ ဗုဒ္ဓပဏာမ သံပြိုင်သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ရွှေဟင်္သာတောရ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ‌ကောဝိဒါဘိဝံသ၊ မဟာဂန္ထဝါစကပဏ္ဍိတထံမှ ငါးပါးသီလခံယူဆောင်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက အပူဇော်ခံဆရာတော် ဘဒ္ဒန္တ‌အာဒိစ္စာဘိဝံသအရှင်သူမြတ်၏ ထေရုပ္ပတ္တိအကျဉ်းနှင့် အာစရိယဂုဏပူဇာပတ္ထနာဂါထာများကိုလည်းကောင်း၊ နိုင်ငံတော်ရွှေတံဆိပ်ဆုရ အနုပညာရှင်များနှင့် ရွှေဟင်္သာဝတ်ရွတ်စဉ်အသင်းတို့က ရှစ်ဆယ်ပေါ်တေးထပ်၊ ရှစ်လုံးဖွဲ့သံပေါက်၊ မင်္ဂလာပိုဒ်စုံရတုတို့ဖြင့် ရွတ်ဆိုပူဇော်ခဲ့သည်။

ထို့နောက် အပူဇော်ခံဆရာတော်အရှင်သူမြတ်အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းနှင့် ပင့်သံဃာတော် အရှင်သူမြတ်များအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်း၍ အနုမောဒနာ ဒေသနာတရားနာကြားခဲ့ပြီး "မဟာဂန္ထဝါစကပဏ္ဍိတ" အာစရိယဂုဏဝိသိဋ္ဌပူဇာသဘင်မင်္ဂလာအခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)