မြို့နယ်ပြည်သူ့ဆေးရုံတွင် မီးဘေးကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

အိမ်မဲ ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးအန္တရာယ်ကြုံတွေ့လာပါကတုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

 ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ​ဦးစီးအရာရှိ ဦးဝေယံစိုးက မီးသတ်ဆေးဗူး အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး ဆီမီးငြှိမ်းသတ်နည်း၊ ဂတ်မီးငြှိမ်းသတ်နည်း၊ Foal ဆေးအသုံးပြု၍ ဆီမီးငြှိမ်းသတ်နည်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့သည်။

အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများပြည်သူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။ “မြို့နယ်ပြည်သူ့ဆေးရုံမှာမီးဘေးအန္တရာယ်ကြုံတွေ့လာပါတုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်းကို သရုပ်ပြဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယခုဆိုရင် မြို့နယ်ပြည်သူ့ဆေးရုံမှာ မီးသတ်ဆေးဗူးတွေ အလုံအလောက်ထားရှိပြီး တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဆေးရုံဝန်ထမ်းများကို သင်ကြားပြသပြီး ဖြစ်ပါတယ်လို့”မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးကျော်အောင်ကပြောသည်။

ချစ်သက်လယ်(အိမ်မဲ)