မြို့သစ် ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ကမြို့သစ်မြို့ အားမြို့အင်္ဂါရပ်နှင့် အညီအစဉ်သန့်ရှင်းသာယာ လှပနေစေရေးအတွက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ညနေကမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန် ထမ်းများပူးပေါင်း အဖွဲ့မှမြို့နယ် အတွင်းသာယာစိမ်းလန်းစိုပြည်စေရန် ပန်းအလှပင်များစိုက်ပျိုးနိုင်ရေး လွတ်လပ်ရေး ပန်းခြံအတွင်း ပျိုးဥယျာဉ်ခြံ၌ ပန်းအလှပင်များပြုစုပျိုးထောင်ခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ကြောင်းသိရသည်။
ထိုသို့မြို့ပြသန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရာ၌မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆန်းဝင်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့က လွတ်လပ် ရေးပန်းခြံ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရေး သစ်ရွက်ခြောက်များနှင့် အမှိုက် သရိုက်များ ကိုသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ မြက်ခင်းနှင့်ပန်းအလှပင်များ အလှပုံဖော်ခြင်းနှင့် အမှိုက်များကောက်ယူ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်မြို့နယ် အတွင်းသာယာ စိမ်းလန်းစိုပြည်စေရေး ပန်းအလှပင်များစိုက်ပျိုးနိုင်ရန်ပျိုး ဥယျာဉ်ခြံ၌ ပန်းအလှပျိုးပင်များနှင့် အရိပ်ရပျိုးပင်များ စုပေါင်းပျိုးထောင်ခဲ့ကြသည်။
မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာ လှပရေးအတွက် နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့်မြို့ပတ် ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်း မဲ့စွန့် ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်း ရေနုတ်မြောင်း များရေစီး ရေလာ ကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေး ပလက်ဖောင်းများသစ်လွင် တောက်ပ စေရန်ဆေးသုတ်ခြင်း၊ လမ်းဆုံများ၌ယာဉ်အန္တရာယ်ကင်း ဝေးစေရန်ဆောင်ရွက်ထားရှိသော လမ်းညွှန်ဆိုင်းဘုတ်များ ပြုပြင်စိုက်ထူခြင်း၊ မြို့တွင်းလမ်းမီးတိုင်များ ကောင်းမွန် စေရေး ထိန်းသိမ်းဆောင်ရွက်ခြင်း၊ သာယာစိမ်းလန်းစိုပြည်စေရန် ဆောင်ရွက်ထားရှိသော Flower Box များ ဆေး သုတ်ခြင်းနှင့် ပန်းအလှပင်များရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မစည်ပင်သာယာဈေးတွင် အပတ်စဉ်ဈေး သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထုစနစ်တကျအမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်များ လိုက်လံသိမ်း ဆည်းပေးခြင်းစသည့် မြို့ပြသန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက်ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းမြို့သစ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆန်းဝင်းထံ ကသိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)