ဖြူး ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ၊ကြူအင်းကျေးရွာအုပ်စု၊ ကြူအင်းအရှေ့ မြစိမ်းရောင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ နဝမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာမြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းနှင့် ပတ်သက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဦးကျော်မျိုးအောင်က ရှင်းလင်းပြောကြားပြီး မြစိမ်းရောင် စီမံကိန်းအစီအစဥ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၁၀၀)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၉၄)ဦး၊ စုစုပေါင်းအသင်းသား(၁၉၄)ဦးအား မြစိမ်းရောင်ရန်ပုံငွေ(၅၆၁.၂)သိန်းကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာသည် မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေအစီအစဥ်ဖြင့် အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ပြီး သက်သာသောအတိုးငွေကို ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပုံမှန်သွင်းနိုင်ခဲ့ပြီးနဝမအကြိမ်မြောက် ချေးငွေထုတ်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)