မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူများထံမှ အမှိုက်တစ်ပိဿာလျှင် (၁၀၀)ကျပ်နှုန်းဖြင့် အပတ်စဉ်စနေနေ့တိုင်းဝယ်ယူ

မော်လမြိုင်ကျွန်း ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာအမှိုက်များကင်းရှင်းစေရေးနှင့် Clean City, Green City, Smart City ဖြစ်လာစေရေးအတွက် မြို့နယ်နေပြည်သူများသုံးစွဲသည့်စွန့်ပစ်အမှိုက်များအား တစ်ပိဿာလျှင် (၁၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူခြင်းလုပ်ငန်းအား အပတ်စဉ်စနေနေ့တိုင်းဝယ်ယူလျက်ရှိရာ ယမန်နေ့ နံနက်(၈)နာရီမှ နံနက်(၁၁)နာရီထိ အမှတ်(၆)ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ မြို့ဦးစေတီတော်အတွင်း၌ ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးစောဝဏ္ဏတို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်နေပြည်သူများသုံးစွဲခဲ့သည့် စွန့်ပစ်အမှိုက်များ၊ မီးဖိုချောင်းသုံးစွန့်ပစ်ပစ္စည်းများနှင့် လူအသုံးဆောင်စွန့်ပစ်ပစ္စည်းများအား တစ်ပိဿာလျှင (၁၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူလျက်ရှိကာ အပတ်စဉ်စနေနေ့တိုင်းတွင် ဆက်လက်ဝယ်ယူသွားမည်ဖြစ်ပြီး ကုန်ကျစရိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ထုတ်ပေးချေဝယ်ယူလျက်ရှိကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)