သာပေါင်း ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ထန်းဇင်လှကြို့ကုန်းကျေးရွာနှင့် အင်းကလေးကျေးရွာချင်းဆက် ကိုယ့်အားကိုယ် ကိုးမြေသားလမ်း ပေ ၅၇၀၀ ပေ ကိုယ့်အားကိုယ် ကိုးလမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဖွင့်ပွဲမုဒ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထန်းဇင်လှကြို့ကုန်းကျေးရွာနှင့် အင်းကလေးကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုး မြေသားလမ်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ယခုလို ကျေးလက်နေပြည်သူများပေါင်းစုထည့်ဝင်၍(အလျား ၅၇၀၀ ပေ× အကျယ် ၈ ပေ×အမြင့် ၃ ပေ)ကျပ်(၁၁၃)သိန်း လုပ်အား၊ငွေအားများပါဝင် ကုန်ကျခံဖောက်လုပ် ခဲ့ကြသောလမ်းမှ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီပွားရေးနှင့် အထွေထွေလူမှုကိစ္စ အဝဝ တို့ ရာသီမရွေးနေ့ညအချိန်အခါမရွေး ကူးလူးသွားလာလျင်မြန်ခရီးပေါက်ရောက်သည့် အကျိုးကျေးဇူးခံစားခွင့်တို့ကို လက်တွေ့ကြုံတွေ့ခံစားခွင့်ရမည်ဖြစ်ကြောင်းနှင့် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတို့က လမ်းမြေအလှူရှင်များ၊ လမ်းဖောက်လုပ်ရေးစက်ယန္တရားကြီး အလှူရှင်၊ ငွေအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထန်းဇင်လှကြို့ကုန်းကျေးရွာနှင့် အင်းကလေးကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုး မြေသားလမ်းပေ ၅၇၀၀ လမ်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ လမ်းဖြစ်မြောက် ရေးကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း