ထန်းတပင်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများအား ကြေညာပေး

ထန်းတပင် (ပဲခူး) အောက်တိုဘာ ၂


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယ အကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို ယမန်နေ့ နံနက်မှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံးများတွင် အများပြည်သူကြည့်ရှုနိုင်ရန် အသိပေးကြေညာထားလျက်ရှိသည်။
ဆန္ဒမဲပေးခွင့်ရှိသူများ ပါဝင်သည့် အမည်စာရင်းများကို အများပြည်သူကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာ (၁)ရက်နေ့မှ အောက်တိုဘာ(၁၄)ရက်နေ့အထိ အသိပေးကြေညာထားရှိပြီးဖြစ်ကြောင်းနှင့် ထန်းတပင်မြို့နယ် အတွင်း ရပ်ကွက်/ကျေးရွာ (၃၅)အုပ်စု၌ မဲရုံပေါင်း(၉၄)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  (၉၄၈၀၃) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)