ငပုတော ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ငါးရန့်ချောင်းအုပ်စု၊ တောင်ချောင်းကျေးရွာ၌ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်သည့် တောင်ချောင်းဆိပ်ခံတံတား ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ၊ ကျေးလက်နေပြည်သူ များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာအမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ဆိပ်ခံတံတားတာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဆိပ်ခံတံတားအား လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများထံ တံတားအား ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ထိန်းသိမ်း စောင့်ရှောက်ရန် မှာကြားခဲ့သည်။
အဆိုပါ တောင်ချောင်းကျေးရွာ ဆိပ်ခံတံတားအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ငွေ(၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေ (၂.၀)သန်းဖြင့်တည်ဆောက်ခဲ့ပြီး (အလျား၂၁ ပေ၊ အနံ ၇ ပေ × ထု ၆ လက်မ)ရှိပြီး အိမ်ခြေ ၁၉၀ အိမ်၊ အိမ်ထောင်စု ၂၂၁ စု၊ လူဦးရေ ၉၂၈ တို့အတွက် အကျိုးပြုနိုင်မှာဖြစ်ကြောင်း သိရသည် ။
အောင်သူ (ပြန်/ဆက်)