ကျောက်ကြီးမြို့နယ်၌ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

 ကျောက်ကြီး ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် Youth Club အဖွဲ့ဝင်များနှင့် ချစ်ဦးညိုရေးသားထားသော တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဥ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   (Community Centre)ခန်းမ၌ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အိအိမွန်က အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်​စေရန်၊ ပြန်/ဆက်ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည်ဉာဏ် သွေးထက်မြက်လာစေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာအချို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် Youth Club အဖွဲ့ဝင် (၆)ဦးက ချစ်ဦးညိုရေးသားထားသည့် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဥ်ကျေးမှုမျက်နှာစာ  စာအုပ်တွင်ပါရှိသည့် စာရေးသူအမှာစာမှ ဤကမ္ဘာမြေပေါ်ရှိ အခြားသောနေရာဒေသများ၌ မည်သူတွေ မည်သို့လှုပ်ရှားကျင်လည်နေကြသည်ကို မသိနိုင်သော်လည် မြန်မာနိုင်ငံအတွင်း၌ ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်တို့သည် ဆိုင်ရာဆိုင်ရာ ကိစ္စကြီးငယ် အသွယ်သွယ်တို့ဖြင့် နပန်းလုံးနေကြပေမည် စာရေးသူပေးလိုသည့် Message ကို ဝိုင်းဝန်းဆွေးနွေးခြင်း၊ ယဥ်ကျေးမှု တိုးတက်ချင်ရင်(တစ်နည်း) တိုးတက်သော ယဥ်ကျေးမှုရှိတဲ့ အဆင့်မြင့် နိုင်ငံသားများဖြစ်ချင်တယ်ဆိုရင် ခေါင်းစဥ်အောက်က အချက်(၅)ချက်အား ယနေ့ ကျောင်းသားလူငယ်များ၏ အတွေးအမြင်များဖြင့် ဝိင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်