မြောင်းမြခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြောင်းမြ     ဧပြီ    

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင်မြောင်းမြမြို့၌  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြောင်းမြခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားရာတွင် မြောင်းမြခရိုင်၏ စီးပွားရေး GDP သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရာခိုင်နှုန်းတိုးတက်လာတာတွေ့ရကြောင်း၊ ယခင်နှစ်များ၏ အားနည်းချက်များ၊  အတွေ့အကြုံများကို နမူနာယူပြီး ယခုနှစ်အတွက် ဒေသန္တရစီမံကိန်းများကို ဘဏ္ဍာနှစ်အတွင်း ရည်မှန်းချက်အောင်မြင်အောင်၊ အချိန်ကိုက်ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုကြောင်း၊ ခရိုင်အတွင်း စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ လျာထားချက်ပြည့်မီကျော်လွန်ရေး နှင့်  MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်များ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား ဒေသန္တရစီမံကိန်းတာဝန်များကို  ပေးအပ်ပြီးနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများအား ဒေသန္တရစီမံကိန်းတာဝန်များကို ဆက်လက်ပေးအပ်ပါသည်။

အဆိုပါ​ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ   အခမ်းအနားကို မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်ဆက်)