ကော့သောင်းမြို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးဆွေးနွေး

ကော့သောင်း ဧပြီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲတစ်ရပ်ကို ကော့သောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်၊ စားသုံးရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်မြသီတာက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးအရ အရေးယူခြင်းနှင့် စားသုံးကာကွယ်ရေးဉပဒေများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ၊ နစ်နာသူများအနေဖြင့် မိမိတို့စားသုံးသူရေးရာဌာနသို့  Call Centre မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာကိစ္စရပ်များအား သိလိုသည်များကို လာရောက်မေးမြန်းနိုင်ပါကြောင်းစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)