ညောင်လေးပင် ဧပြီ ၈
ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပူပြင်းသောရာသီ၌ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့မွန်းလွဲ ၄ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းမှ Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးမှ ပူပြင်းသော ရာသီတွင်အဖြစ်များတတ်သော ယားနာ ၊ ဝဲ ၊ မိတ် ၊ ဝမ်းပျက်ဝမ်းလျှော၊ မျက်စိနာ၊ မျက်ရည်ပူကျခြင်း၊ ခေါင်းအုံ၊ ခေါင်းခဲ၊ ဆီးနှင့်ပတ်သတ်သည့်ရောဂါများ၊ အပူလွန်ကဲခြင်းကြောင့် ဖြစ်သောရောဂါများနှင့် ဆောင်ရန်ရှောင်ရန်များအား ဆွေးနွေးသွားခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲ၊ နံရံကပ်ပြပွဲ၊ ဟောပြောပွဲ၊ Talk Show စသည့် ပြည်သူအခြေပြုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ နောက်လများတွင်လည်း အလားတူဆွေးနွေးပွဲများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်