နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာ

လဟယ်  အောက်တိုဘာ  ၂

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ဒုတိယအကြိမ်မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှမဲဆန္ဒရှင်အမည်စာရင်းများကို ယ‌မန်‌နေ့ကစ၍ ရပ်ကွက်ရုံးများနှင့် လူစည်ကားရာ နေရာ များတွင် ထုတ်ပြန် ကြေငြာခဲ့‌ကြောင်း သိရသည်။

လဟယ်မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိသည့်အနက်မဲဆန္ဒနယ်အမှတ်(၁)တွင်ပါ၀င်သောမြို့မရပ်ကွက်တွင် မဲဆန္ဒရှင်ဦးရေ(၆၄၁)ဦး၊ တိုးချဲ့၂ရပ်ကွက်တွင် မဲဆန္ဒရှင်ဦးရေ(၆၆၅)ဦး၊ မဲဆန္ဒနယ် အမှတ်-၂ တွင်ပါဝင်သောတိုးချဲ့-၁ ရပ်ကွက်တွင် မဲဆန္ဒရှင်(၄၄၂)ဦးနှင့် တာလံရပ်ကွက်တွင် မဲဆန္ဒရှင် (၉၁၃) ဦးဖြစ်ကြောင်းသိရသည်။

လဟယ်မြို့နယ်တစ်မြို့နယ်လုံး အနေဖြင့် ဒုတိယအကြိမ်အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူကျား(၁၆၆၆၅)ဦးနှင့်မ(၁၆၅၀၁)ဦးစုစုပေါင်း(၃၃၁၆၆)ဦးဖြစ်ကြောင်းသတင်းရရှိပါသည်။

လဟယ်(ပြန်/ဆက်)