မင်းလှ ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်အား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက အသိပညာပေး Talk Show ဆွေးနွေးပွဲပြု လုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြား၍ သင်္ကြန်ဆိုတာ ဘာကိုခေါ်တာလဲ၊ သင်္ကြန်ကာလမှာ လူပုဂ္ဂိုလ်များ ဘယ်လိုကောင်းမှုကုသိုလ်တွေပြုလုပ်ကြပါသလဲ၊ သင်္ကြန်ကာလမှာ ရေပတ်ခြင်းရဲ့ ရည်ရွယ်ချက်များစသည့်အချက်များကိုမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖိတ်ခေါ်၍ သက်ဆိုင်ရာကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)