အမာ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုး ထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ (၃) နာရီ အချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာကြည့် တိုက်မှူး နော်အေးအေးသက်မှ စာရေးဆရာ မောင်မင်းစိုး ရေးသားထားသည့် “မအောင်မြင် ခြင်းရဲ့ ဇာတ်မြစ်များ” စာအုပ်မှ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင် တင်ထိုက်သူအကြောင်းတို့ကို ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ယခုကဲ့သို့ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ကလေးများ ဥာဏ်ရည် ထက်မြတ်ပြီး စုပေါင်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စာအုပ်များငှားပေးခြင်းနှင့် အားကစားပြိုင်ပွဲများကိုလည်း လစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)