ရေနံချောင်း ဧပြီ ၇
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့အခြေခံရုံးသုံးကွန်ပျူတာသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် လူငယ်လူရွယ်တွေအနေနဲ့ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး အခြေခံအဆင့်မှသည် အဆင့်မြင့်အထိ ကွန်ပျူတာပညာကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာသင်ယူကြဖို့လိုပါကြောင်း ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက် မှတ်များကို တစ်ဦးချင်းပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် Microsoft Word၊ Excel၊ Power Point၊ Pagemaker စသည့် အခြေခံရုံးသုံး ကွန်ပျူတာအသုံးပြုနည်းများကို မတ် ၇ ရက်မှ ဧပြီ ၆ ရက်နေ့အထိ သင်တန်းကာလ တစ်လကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)