ပြည် ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့ မွန်းလွဲပိုင်း ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နီလာခိုင်က ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများအကြောင်းနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား မူးယစ် ဆေးဝါးအန္တရာယ်နံရံကပ်စာစောင်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေထားသော မီးဘေးပညာပေးပိုစတာနံရံကပ်စာစောင်များကို ကြည်ရှုလေ့လာစေခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
ကိုစိုး(ပြည်)