ကန်ကြီးထောင့် ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြို့ကျက်သရေဆောင် လောကမှန်ကူဆုတောင်း ပြည့်စေတီတော် မြတ်ဝန်းအတွင်းရှိ ဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး” တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလဆုတ်(၁)ရက်နေ့ ယမန်နေ့ နံနက်(၈)နာရီအချိန်က လုံးတော်ပြည့်ကျောက်စိမ်းဆက်ကပ်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနာရွှေထီးတော် တင်လှူခြင်း မင်္ဂလာအခမ်းအနားကို ကန်ကြီးထောင့်မြို့ လောကမှန်ကူဆုတောင်းပြည့် စေတီတော်” ဘုရားဝန်းအတွင်း ကျင်းပခဲ့ သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ပြီး ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကန်ကြီး ထောင့်မြို့ မင်းကုန်းရပ်နေ နှစ်ဖက်မိဘများနှင့် အဒေါ် ဒေါ်စိန်ပုံ (ခ) ဒေါ်စန္ဒုပမာအား အမှူးထား၍ အလှူ့ရှင် (ဦးမျိုးမြင့် + ဒေါ်စိုးစိုးမာ (သမီး) မထူးအိနြာလင်းမိသားစုမှ ရွှေထီးတော်သစ်တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်များအား သံဃာတော်အရှင်သူမြတ်တို့ကို လှူဒါန်းခဲ့ပြီး လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် မင်္ဂလာအချိန်တွင် ရတနာရွှေထီးတော်သစ်တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ထီးတော်ဘုံအဆင့်ဆင့် အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံပြည်သူ များမှ “အောင်ဓမ္မသိဒ္ဓိ ပြည်လုံး အေးစေတီတော်မြတ်ကြီး” ရင်ပြင်တော်တွင်လက်ယာရစ် သုံးပတ်လှည့်လည် ပူဇော်ခဲ့ပြီး မင်္ဂလာရထားပျံ စင်မြင့်ထက်သို့ ပင့်ဆောင်ပူဇော်ကာ ရတနာသုံးပါးနှင့် သာသနာစောင့်နတ်မင်းကြီး များအား ပင့်ဖိတ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ရွှေထီးတော် သစ်အား အမွှေးနံ့သာရေများ ပက်ဖျန်းဆုတောင်းပြီး စေတီတော် အထွဋ်သို့ ရတနာရွှေထီးတော်ဘုံ အဆင့်ဆင့်သို့ ဧရာဝတီ” မြမင်းနိုင်မင်္ဂလာဆိုင်းတော်ကြီး” နှင့် မင်္ဂလာပိုဒ်စုံရတုဖြင့် တင်လှူ ပူဇော်ကြပြီးနောက် ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းခဲ့ကြောင်း သိရသည်။
မဇင် (ပြန်/ဆက်)