လောင်းလုံးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

လောင်းလုံး ဧပြီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက အလွယ် တကူ မီးငြှိမ်းသတ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးအရာရှိ ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်၁၀ နညရီအချိန်က မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။

အဆိုပါ ဆောင်ရွက်မှုတွင် မီးသတ်ဦးစီးအရာရှိ ဦးမျိုးဇော်ဦးက လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက်စစ်ဆေးခြင်းနှင့်ပတ်သက်သော ကာကွယ်ရန်၊ ဆောင်ရန်၊ ရှောင်ရန်များကို အကြံပြုဆွေးနွေးမှာကြားခြင်း၊ ရုံးတွင်းချိတ်ဆက်ထားသော မီးသတ်ဆေးဘူးများအား ရက်လွန်ခြင်းရှိမရှိစစ်ဆေးခြင်း၊ အသုံးပြုပုံ/နည်းများကိုပြသဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)