ကျွန်းစု ဧပြီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၁)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းနိုင် ဦးဆောင်မှုဖြင့် ဒုတိယဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်(၄)ဦးတို့က အဖွဲ့(၂)ဖွဲ့ခွဲ၍ ဌာနဆိုင်ရာရုံးများအား ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုပုံနည်းလမ်းများ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)