လိပ်သို ဧပြီ ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနနှင့် စိုက်ပျိုးရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီ အချိန်က လိပ်သိုမြို့ (Community Centre) ခန်းမ၌ “ တိုးချဲ့စိုက်ပျိုးသင့်သည့် မြန်မာ့ကော်ဖီ ” ခေါင်းစဉ်ဖြင့် အသိ ပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်ကမြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ ပြည်သူအများစုသည်လည်း စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကြောင်းပြုကြကြောင်းနှင့် Talk Show ဆွေးနွေးပွဲပြုလုပ် ရခြင်းရည်ရွယ်ချက်များ ပြောကြားပြီးနောက် လိပ်သိုမြို့ စိုက်ပျိုးရေးဉီးစီးဌာနမှ လက်ထောက်ဉီးစီးမှူး ဦးစောဒဲနေထူးက မြန်မာနိုင်ငံတွင် ရေမြေဒေသနှင့်ကိုက်ညီပြီး စိုက်ပျိုးနိုင်သည့် ကော်ဖီမျိုးများစွာပင်ရှိကြောင်း၊ အဓိက စိုက်ပျိုးသော ကော်ဖီမျိုးများမှာ ပေ ၂၅၀၀ အထက်တွင် စိုက်ပျိုးနိုင်သည့် အာရေးဗီးကား (ARABICA) ကုန်းမြင့် ကော်ဖီမျိုးများပင်ဖြစ်ကြောင်း၊ကော်ဖီသီးနှံစိုက်ပျိုးရာတွင် အရိပ်ရအပင်များဖြစ်သည့် ထောပတ်၊ ပိန္နဲ၊ တညင်း၊ မျောက်ငိုပင်ကဲ့သို့ ဝင်ငွေရစားသုံးသီးနှံ အပင်များနှင့် တွဲဖက်စိုက်ပျိုးနိုင်ကြောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့်ဒေသနှင့် ဆက်စပ်နေသည့်နေရာများတွင်လည်း အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးအခွင့် အလမ်းများရရှိစေမှုများကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူရရှိစေနိုင်မှာဖြစ်ကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် ဟောပြောပွဲများ နံရံကပ်စာစောင်ပြပွဲများနှင့် Talk Show အစီအစဉ်များကို လစဉ်ပုံမှန်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
စောဝေါ်ကွောထူး